ဘီယာရဲ့ ကျန်းမာရေးကောင်းကျိုး (၇) ချက်
ဘီယာ သောက်ချင်တယ် ဆိုင်သူက မကြိုက်လို့ မသောက်ရဘူးဆိုရင် ဒီဆောင်းပါးလေးကို ပြလိုက်ပါ။ ဘီယာဆိုတိုင်း မူးစေတဲ့အရာ မကောင်းတဲ့ အရက်သေစာရယ်လို့ပဲ တထစ်ချ မှတ်ယူမထားစေချင်ပါဘူး။ ဘီယာတွေကို မုယောစပါးကနေ ထုတ်တာရှိသလို ဗျစ်ပွင့်ကနေ ထုတ်တာလည်း ရှိပါတယ်။ ဒီလိုမျိုး ဘီယာထုတ်တဲ့ အခြေခံထုတ်ကုန်တွေက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒီတော့ ပြောရရင် ဘီယာက ကျန်းမာရေးကို ကောင်းကျိုးပြုနိုင်ခြေရှိတယ်ပေါ့။ ဒီယူဆချက် မှန်သလား? မဖြစ်နိုင်ဘူးလို့ ယူဆနေလား ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ရင်း အမှန်အမှား ဆန်းစစ်လိုက်ရအောင်နော်။
ဘီယာ ဆိုရာဝယ်
ဘီယာဆိုတာက အယ်လ်ကိုဟောပါတဲ့ သောက်စရာ တစ်မျိုးပါ။ အတန်အသင့် သောက်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံသောက်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရသာက ခါးသက်သက် ရှိပါတယ်။
ဘီယာမှာ ဘာတွေပါ
မူးဝေစေတဲ့ ခါးသက်သက် အရသာ ဘီယာမှာ ကယ်လ်လိုရီ၊ ပရိုတင်း၊ ကစီဓာတ်၊ ဘီတာမင် ဘီ-12၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ကိုလင်းတို့ ပါဝင်နေပါတယ်။
ဘီယာရဲ့ ကျန်းမာရေး ကောင်းကျိုး
ဘီယာရဲ့ ကောင်းကျိုးတွေက
၁. ဝိတ်ကျစေတယ်
ဘီယာကို အခြေခံထုတ်ထားတဲ့ ပစ္စည်းတွေက မုယောစပါး နဲ့ ဗျစ်ပွင့်တို့လိုမျိုး သဘာဝပစ္စည်းတွေကဖြစ်တာကြောင့် အမျှင်ဓာတ်က ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ ဒီတော့ အဆာခံနိုင်စေပြီး ဝိတ်ကျအောင် ထောက်ကူပေးနိုင်ပါတယ်။ အများကြီး သောက်ရင်တော့ အဆီတက်လာနိုင်တာကိုတော့ သတိရပါ။
၂. ဝမ်းမှန်စေတယ်
အပေါ်မှာ ပြောခဲ့သလိုပဲ သဘာဝပစ္စည်းတွေကို အခြေခံ ထုတ်လုပ်ထားတဲ့ ဘီယာမှာ အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ပါဝင်နေတာကြောင့် ဝမ်းချုပ်မှုကင်းဝေးတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေမှာပါ။
၃. သွေးတွင်းအဆီကျစေတယ်
ဘီယာက အသင့်အတင့်ပဲ သောက်မယ်ဆိုရင်တော့ သွေးထဲက အဆီတွေကို ကျစေမှာပါ။ သွေးထဲအဆီကျတာက အရာရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
၄. စိတ်ဖိစီးမှု ကင်းစေတယ်
စိတ်ဖိစီးနေရင် ဘီယာသောက်ပါ။ ဘီယာကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက်ထက် မကျော်ဘဲ သောက်ပေးတာက စိတ်ဖိစီးမှု ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
၅. ဆီးချို မဖြစ်အောင် ကာကွယ်ပေးတယ်
ဘီယာက အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းစေပြီး သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးချိုကျစေသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၆. အရိုးကျန်းမာစေတယ်
အရိုးပွတာ၊ အရိုးပါးတာ မဖြစ်ချင်ရင် ဘီယာသောက်ပါ။ အကြောင်းကတော့ ဘီယာမှာ အရိုးတွေကို အားဖြည့်ပေးမယ့် ပရိုတင်းနဲ့ ဆီလီကွန်ဓာတ်တွေ ပါဝင်နေလို့ပါပဲ။ အရောင်ကျစေနိုင်တယ်။
၇. ကင်ဆာ ကာကွယ်နိုင်တယ်
ဘီယာမှာ အင်ဒီအောက်ဆီးဒင့် ပါဝင်နေတဲ့အတွက် ဖရီးရက်ဒီကယ်တွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒီအချက်ကပဲ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတာပါ။
တစ်ခုသတိပေးတာက ဘီယာက ကျန်းမာစေတာ မှန်ပေမယ့် အလွန်အကျွဲသောက်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ကျန်းမာရေး အခြေအနေတွေ ခံစားရနိုင်လို့ ဉာဏ်နဲ့ယှဉ်ပြီး သောက်သုံးကြပါ ဘော်ဒါတို့
ရေးသားသူ - မွန်မွန်